အိန္ဒိယအစားအစာ Biryani City

Delaware နဲ့ Pennsylvania သွားလည်ခဲ့လို့ အိန္ဒိယအစားအစာ စားချင်တယ်ဆိုရင် Biryani City ကို ညွှန်းချင်ပါတယ်။

Delaware က Newark မှာ တစ်ဆိုင်၊ Pennsylvania က Allentown နဲ့ Norristown မှာ တစ်ဆိုင်စီ ရှိပါတယ်။ အခု သွားခဲ့တာက Delware က ဆိုင်ကိုပါ။ ဆိုင်လေးက သန့်သန့်ပြန့်ပြန့်လည်း ရှိပြီး ၄ ယောက်စားပွဲ ၁၀ ဝိုင်းစာလောက် ကျယ်ပါတယ်။ အရသာကလည်း အိန္ဒိယဆိုင်တွေထဲမှာ တော်တော်ကောင်းတယ်လို့ ဆိုရမှာပါ။

ညနေပိုင်း ၇ နာရီလောက် ညစာစားချိန်ဆိုရင် စားပွဲဝိုင်းတွေအကုန် လူပြည့်တဲ့အထိ လာစားတဲ့ လူတွေများပါတယ်။ တစ်ခုပဲရှိတာက ဟင်းတစ်ပွဲမှာရင် ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ အနည်းဆုံး စောင့်ရတာပါပဲ။ ဒါပေမဲ့ တော်တော်လေး အရသာရှိတဲ့အတွက် စောင့်ရကျိုးတော့နပ်ပါတယ်။

  1. တိုရှည် (Plain Dosa $7.00)

 

ပုံထဲကအတိုင်းပါပဲ။ တိုရှည်တစ်ခုကို ၁ ပေခွဲကျော်ကျော်လောက်တော့ ရှည်လိမ့်မယ် ထင်ပါတယ်။ စားပွဲတစ်ခြမ်းလုံးက တိုရှည်ပန်းကန်နဲ့တင် ပြည့်သွားတာပါ။ 😀 ရန်ကုန်က ချစ်တီးဆိုင်မှာလည်း ရှိတယ်လို့တော့ ပြောပါတယ်။ မတွေ့ဘူးလို့ မသိပါဘူး။ ရန်ကုန်က တိုရှည်နဲ့တော့ အရသာဆင်ပါတယ်။ တိုရှည်နဲ့ တို့စားဖို့ sauce လေးမျိုး ပေးပါတယ်။ အဖြူလေးက အုန်းသီးအရသာ၊ အနီရောင်ကတော့ ငရုတ်သီးအရသာ၊ အညိုလေးကတော့ ပဲအရသာ၊ နောက်တစ်ခုကတော့ ပဲကုလားဟင်းအရသာပါ။

  1. စမူဆာ (Samosa $7.00)

နောက်တစ်ခုကတော့ ဘယ်တော့စားစား မရိုးနိုင်တဲ့ စမူဆာပါ။ စမူဆာတိုင်းလိုလို အရသာဆင်တူပေမဲ့ တစ်ဆိုင်နဲ့တစ်ဆိုင် အရသာမတူသလိုမျိုးပဲ တစ်မျိုးစားကောင်းပါတယ်။ အလှဆင်တဲ့အနေနဲ့ ကြက်သွန်နီကွင်းလေးတွေ အပေါ်မှာ တင်ထားပါတယ်။ ငရုတ်သီးအချဉ်ရည်ကတော့ မစပ်ပဲ အချိုအရသာလေးပါ။ တစ်ပွဲမှာ ၄ ခု ပါပါတယ်။

  1. ကြက်သွန်ဖြူအရသာနံပြား (Garlic Naan $3.00)

ပုံမှန်အတိုင်းပဲ နံပြားထောပတ်သုတ်ကို ကြက်သွန်ဖြူနဲ့ နံနံပင်လေးတွေ ထည့်ထားပါတယ်။ နံပြားထောပတ်သုတ် ကြိုက်တတ်တာမို့ ဒီနံပြားကိုတော့ refer လုပ်ပါတယ်။ တစ်ပွဲမှာ ၂ ချပ် ပါပါတယ်။

  1. Chef’s Special Naan $3.00

Biryani City ရဲ့ Secret recipe ပါ။ ဘယ်လိုအရသာမျိုးလဲ မပြောတတ်ပေမဲ့ အရသာတစ်မျိုးလေးနဲ့ စားလို့ကောင်းပါတယ်။ ချိစ့်၊ ကြက်သွန်ဖြူနဲ့ နံနံပင်အရသာလေးတွေလည်း ပါပါတယ်။ ဒါလည်း တစ်ပွဲမှာ ၂ ချပ် ပါပါတယ်။

 

လိပ်စာ

ALLENTOWN, PA

1894 Catasauqua Rd
Allentown, PA 18109.
610-419-8700

NORRISTOWN, PA

3140 Ridge Pike
Norristown, PA 19403.
610-539-8362

NEWARK, DE

270 University Drive
Newark, DE 19702.
302-525-6099

ဆိုင်ဖွင့်ချိန်
Mon - Thurs: 11:30 AM - 2:30 PM 
Mon - Thurs: 5:30 PM - 10:00 PM 
Fri - Sun: 11:30 AM - 10:00 PM
(Allentown Norristown မှာ တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်)

Website
http://www.biryanicity.com

ဆက်ပါဦးမည်။ 

Facebook
Twitter
Youtube
Google+
http://www.themadeinmyanmar.com/biryani-city">
Follow by Email
Get new posts by email

Leave a Reply

Your email address will not be published. Required fields are marked *