Odaiba (Daiba)

Odaiba ကလည်း tourist attraction ထဲမှာ တစ်ခုအပါအဝင်ဆိုတော့ ဂျပန်နိုင်ငံကို သွားလည်မယ်ဆိုရင် ရောက်သင့်တဲ့ နေရာတစ်ခုပေါ့။ တိုကျိုပင်လယ်ကွေ့မှာ ရှိတဲ့ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကျွန်းအစစ်မဟုတ်ဘဲ လူတွေ ဖန်တီးထားတဲ့ ကျွန်းအတုပါ။

Daiba အကြောင်းကို ရှာကြည့်မယ်ဆိုရင် ရှေးခေတ်အခါက တိုကျိုမြို့ကို ပင်လယ်ရေလမ်းကနေပြီး ရန်သူတွေ ဝင်ရောက်တိုက်ခိုက်လာမှာကို ကာကွယ်တဲ့အနေနဲ့ ဆောက်လုပ်ထားခဲ့တဲ့ အမြောက်ခံတပ်တစ်ခုဖြစ်ကြောင်း တွေ့ရမှာပါ။ အခုခေတ်မှာတော့ အပန်းဖြေစရာ နေရာတစ်ခုအဖြစ် ဖြစ်လာခဲ့ပြီး ဂျပန်လူမျိုးတွေသာမကဘဲ အခြားနိုင်ငံခြားသားဧည့်သည်တွေပါ အလာများတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။

 

Rainbow Bridge

You, Me & the Sun 2 © themadeinmyanmar

Odaiba နဲ့ပတ်သက်ပြီး ပြောရင် မပါမဖြစ်ပါရမှာကတော့ Rainbow Bridge ပါ။ အဲဒီတံတားက Daiba ကို တိုကျိုမြို့ထဲနဲ့ ဆက်သွယ်ပေးထားပါတယ်။ Rainbow Bridge ကို ဓာတ်ပုံရိုက်ဖို့ အလှဆုံးအချိန်လို့ ပြောရရင် ညနေဆည်းဆာချိန်နဲ့ မှောင်စပျိုးလာပြီး တံတားပေါ်မှာ မီးတွေစထွန်းတဲ့ အချိန်တွေပါပဲ။ တစ်ခါတစ်လေ အပျော်စီးလှေလေးတွေပါ သွားနေရင် ပိုပြီးတော့တောင် လှပါတယ်။ ဒီတစ်ခါတော့ ကြုံတောင့်ကြုံခဲ Wedding Photo ရိုက်နေတာနဲ့ ကြုံသွားလို့ အဆစ်ကလေးတွေပါ ရခဲ့ပါတယ်။ 😀

Rainbow Bridge Night Scene © themadeinmyanmar

လူတွေ ဖန်တီးထားတဲ့ ကျွန်းမို့လို့ ကမ်းခြေတွေမှာလို ရေကြည်ကြည်လင်လင်မဟုတ်ဘဲ ရွှံ့ နည်းနည်းတော့ ထူပေမဲ့ ခဏတာ ရေဆင်းဆော့ဖို့အတွက်တော့ ပျော်စရာ ကောင်းမှာပါ။ ကမ်းခြေက ပြန်တက်လာရင် သတ်မှတ်ထားတဲ့ မိနစ်အတွင်း ¥100 နဲ့ သက်သက်သာသာ ခြေထောက်ပြန်ဆေးလို့လည်း ရတာမို့ ခြေထောက်ညစ်ပတ်မှာ ပူစရာမလိုတော့ဘူးပေါ့။

 

Odaiba Statue of Liberty

Odaiba Statue of Liberty © themadeinmyanmar

Odaiba ရဲ့ landmark အနေနဲ့ နောက်တစ်ခုပြောရရင် ပြင်သစ်-ဂျပန်ချစ်ကြည်ရေးနှစ် (French Year in Japan, 1998-1999) အထိမ်းအမှတ်အဖြစ် ၂၀၀၀ ပြည့်နှစ်မှာ ပြင်သစ်နိုင်ငံက လစ်ဘာတီရုပ်ထုနဲ့ ပုံစံတူ စိုက်ထူထားတဲ့ Odaiba Statue of Liberty ပါ။ တိုကျိုရဲ့ Odaiba တင်မကပဲ Osaka နဲ့ Aomori နယ်တွေမှာလည်း ပုံစံတူတစ်ခုစီ ရှိတယ်လို့ သိရပါတယ်။ (သွားမကြည့်ဖြစ်ခဲ့ပါ။)

Tips: ညဘက် Rainbow Bridge ကို နောက်ခံထားပြီး Liberty statue ကို ဓာတ်ပုံရိုက်ရင် မီးရောင်တွေနဲ့ တော်တော်လှတယ်လို့ ဆိုရမှာပါ။ 

 

Aqua City, Fuji TV Building

Aqua City & Fuji TV Building @ themadeinmyanmar

လစ်ဘာတီရုပ်ထုကြီးကနေ ဆက်လျှောက်လာရင် Hilton Hotel၊ Aqua City နဲ့ Fuji TV အဆောက်အအုံတွေကို တွေ့ရမှာပါ။ အဆောက်အအုံတွေနဲ့ ဗိသုကာလက်ရာတွေကို စိတ်ဝင်စားသူတွေအတွက်တော့ ရင်သပ်ရှုမောဖွယ်ရာတွေပါပဲ။ Aqua City ထဲမှာတော့ အဝတ်အစားဆိုင်တွေ၊ အစားအသောက်ဆိုင်တွေ အပြည့်တွေ့ရမှာပါ။

Venus Fort

Venus Fort, Odaiba © themadeinmyanmar

နောက်တစ်ခုသွားကြည့်ဖို့ကတော့ Venus Fort ပါ။ Odaiba က အကျယ်ကြီးနဲ့ တစ်ခြားကြည့်စရာ နေရာတွေ အများကြီးရှိတာမို့လို့ အရမ်းကြီးမတိုက်တွန်းပေမဲ့ ဗိသုကာလက်ရာကို ခံစားချင်သူတွေအတွက်တော့ သွားကြည့်သင့်တဲ့ နေရာတစ်ခုပါ။ အထပ်သုံးထပ်ရှိတဲ့ ၁၈ ရာစုက ဥရောပစတိုင် အဆောက်အအုံဖြစ်ပြီး အထဲမှာ ကောင်းကင်ပုံစံတု လုပ်ထားတာတွေ၊ အခန်းဖွဲ့စည်းထားပုံနဲ့ အပြင်အဆင်တွေက ဆွဲဆောင်မှုရှိပါတယ်။ စားသောက်ဆိုင်တွေကလည်း အီတာလျံအစားအစာကအစ Ramen အထိ အကုန်တွေ့နိုင်ပါတယ်။ နောက်တွေ့မှာကတော့ ဖက်ရှင်ဆိုင်တွေပါ။ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အဆောက်အအုံပုံစံတွေနဲ့ မတူတဲ့ အနောက်တိုင်းဗိသုကာကို ကြည့်ချင်တဲ့ ခရီးသွားတွေအတွက်တော့ သွားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

For more info:

Aqua City: http://www.aquacity.jp.e.yp.hp.transer.com/lng/top

Venus Fort: https://www.venusfort.co.jp/multi/index_e.html

 

ရထားလိုင်းများ

Yamanote Line (Shinbashi Station) - Yurikamome Line

Yurakucho subway Line (Toyosu Station) - Yurikamome Line

Rinkai Line (Bound for Shin Kiba)

 

Facebook
Twitter
Youtube
Google+
http://www.themadeinmyanmar.com/odaiba-daiba">
Follow by Email
Get new posts by email

2 Comments

Leave a Reply

Your email address will not be published. Required fields are marked *