Thunderbolt 3 (USB-C) port ပါတဲ့ MacBook/MacBook Pro အတွက် အသုံးဝင်မယ့် Adapter များ

  1. USB-C to USB Adapter

Apple က ထုတ်တာဆိုရင်တော့ $19.00 ရှိပါတယ်။

USB Flash Drive နဲ့ ချိတ်ဆက်ချင်တာပဲ ဖြစ်ဖြစ်၊ Macbook မှာ မိုဘိုင်းဖုန်းတွေကို အားသွင်းချင်တာပဲ ဖြစ်ဖြစ် USB-C port ပဲ ပါတဲ့ MacBook နဲ့ MacBook Pro တွေအတွက် ဒီ adapter လိုအပ်ပါတယ်။ ဒါပေမဲ့ USB တစ်ပေါက်တည်းအတွက်နဲ့ $19.00 ကတော့ တော်တော်လေး ဈေးများတယ်လို့ ထင်ပါတယ်။

ဒီ adapter ဝယ်မယ့်အစား USB port လေးခုပါတဲ့ StarTech USB-C to USB-A (4x) Bus Powered USB Hub ဆိုရင် တစ်ပြိုင်နက်တည်း USB သုံး ပစ္စည်းလေးမျိုးလုံးကို ချိတ်ဆက်သုံးနိုင်ပါတယ်။ တစ်ခုရှိတာက Lightning to USB cable သုံးပြီး မော်ဒယ်အဟောင်း iPad ကိုတော့ အားသွင်းလို့ မရပါဘူး။ ဒါပေမဲ့ တစ်ခြား iPhone 6 plus, iPhone 7 plus တို့ကိုတော့ အားသွင်းလို့ ရပါတယ်။
ဈေးကတော့ $33.99 ရှိပါတယ်။ ဈေးကြီးလို့ အကောင်းဆုံး ပစ္စည်းလို့တော့ မဆိုလိုပါဘူး။ လိုချင်လွန်းနေလို့ အလျင်စလို ဝယ်မိလိုက်တာတစ်ခုပါပဲ။ သုံးရတာတော့ အဆင်ပြေပြီး ကောင်းပါတယ်။

တစ်ခြား ရှာရင်ရှာနိုင်သလို Review ကောင်းကောင်းနဲ့ quality ကောင်းတဲ့ product တွေကိုလည်း ဒီထက်ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ ဥပမာ AmazonBasics USB 3.1 Type-C to 4 Port USB Hub ဆိုရင် $15.99 နဲ့ ဈေးလည်း ပိုသက်သာပြီး Amazon မှာ 4.7 stars Review ရှိပါတယ်။ 

မသုံးဖူးပေမဲ့ စောပြီးသိခဲ့ရင် ဒီ USB adapter ကို ရွေးမိမှာပါ။ Data-transfer speed ကလည်း ၂ ခုလုံး အတူတူပဲ 5 Gbps ရှိပါတယ်။

 

 

  1. USB-C Digital AV Multiport Adapter or USB-C VGA Multiport Adapter

External monitor/display တို့၊ projector တို့နဲ့ ချိတ်ဆက်အသုံးပြုမှာဆိုရင်တော့ USB-C Digital AV Multiport Adapter ဒါမှမဟုတ် USB-C VGA Multiport Adapter လိုပါလိမ့်မယ်။ နှစ်မျိုးစလုံး ဈေးတူတူပါပဲ။ $69.00 ရှိပါတယ်။ USB-C Digital AV Multiport Adapter မှာတော့ USB-C port, HDMI port နဲ့ USB port တစ်ခုစီ ပါပါတယ်။ USB-C VGA Multiport Adapter မှာတော့ USB-C port, VGA port နဲ့ USB port တစ်ခုစီ ပါပါတယ်။ မိမိချိတ်ဆက်ပြီး သုံးမယ့် ပစ္စည်းကိုလိုက်ပြီး အဆင်ပြေတာကို ဝယ်ယူပါ။ ကျွန်မသုံးတဲ့ External monitor က HDMI port ကို သုံးထားလို့ ပထမ Adapter ကိုပဲ ဝယ်ထားပါတယ်။ ဒါပေမဲ့ မိမိအဆင်ပြေမယ့် adapter ကို ဝယ်ယူပါ။

Apple product က ဈေးများလို့ နည်းနည်းဈေးသက်သာမယ့် ပစ္စည်းကို ရွေးချင်တယ်ဆိုရင်တော့ AmazonBasics USB-C Digital AV Multiport Adapter က review ကောင်းပြီး quality ကောင်းပုံ ရပါတယ်။
ဈေးနှုန်းကတော့ $39.99 မို့လို့ Apple နဲ့စာရင် ဒေါ်လာ ၃၀ လောက် ပိုသက်သာပါတယ်။ AmazonBasics USB-C VGA Multiport Adapter ဆိုရင်တော့ $34.99 ရှိပါတယ်။ 

 

  1. USB-C to SD card reader

ကင်မရာရဲ့ SD card ကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီ Lention USB-C Hub with USB 3.0 ports & SD/TF card reader လေးက တော်တော်အဆင်ပြေပါလိမ့်မယ်။ USB 3.0 port ၃ ခု ပါပြီး SD Card Reader ၁ ခု၊ Micro SD (TF) Card Reader ၁ ခု ပါပါတယ်။ SD card reader ပါ အသုံးပြုမယ့်သူဆိုရင်တော့ နံပါတ် ၁ မှာ ရေးခဲ့တဲ့ USB port ချည်းပဲ ဝယ်မယ့်အစား ဒီတစ်ခုကို ညွှန်းချင်ပါတယ်။ 

ဈေးနှုန်းကတော့ Amazon မှာ $25.99 ရှိပါတယ်။

MacBook နဲ့ 2016 နောက်ပိုင်းထွက်တဲ့ MacBook Pro အသုံးပြုသူတွေအတွက် အသုံးဝင်မယ့် adapter တွေပါ။ တစ်ခြားကောင်းတဲ့ Accessory တွေ ရှိရင်လည်း ကွန်မန့်မှာ အကြံပြုခဲ့နိုင်ပါတယ်။ နိုင်ငံခြားကနေ လူကြုံရှိလို့ မှာရင်ပဲ ဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် သွားဝယ်တာပဲဖြစ်ဖြစ် အခုနောက်ပိုင်း MacBook Pro အသစ်ကို ဝယ်မယ်ဆိုရင် မရှိမဖြစ်လိုအပ်မှာ ဖြစ်တဲ့အတွက် တစ်ခါတည်း ကြုံတုန်းဝယ်ထားရင်တော့ အကောင်းဆုံးပါပဲ။ နောက်ပိုင်း တကယ်လိုအပ်တဲ့အခါကျမှ သုံးစရာမရှိဘူးဆိုရင် တော်တော်ဒုက္ခရောက်မှာ မို့လို့ပါ။ 

Facebook
Twitter
Youtube
Google+
http://www.themadeinmyanmar.com/usb-c_adapters">
Follow by Email
Get new posts by email

Leave a Reply

Your email address will not be published. Required fields are marked *